ကရင်ပြည်နယ်၊ မြဝတီမြို့မှာ အသက် ၈ နှစ်နဲ့ ၁၀ နှစ်အရွယ်သာရှိသေးတဲ့ ပထမတန်း ကျောင်းသူ ညီအစ်မနှစ်ဦးကို ကျောင်းကြို ကျောင်းပို့ ပြုလုပ်ပေးနေတဲ့ ဆိုင်ကယ်တက္ကစီသမားက သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ညီအစ်မနှစ်ဦးတို့ဟာ မြဝတီမြို့အမှတ်(၄)ရပ်ကွက် ဇော်ဂျီ ၁၀ လမ်းမှာ နေထိုင်သူတွေဖြစ်ကြပြီး အ.ထ.ကခွဲ အောင်မြေရွှေဘုံ ကျောင်းမှာ ပညာသင်ကြားနေတာဖြစ်တယ်လို့ ဆိုပါတယ်။
အဓမ္မပြုကျင့်ခဲ့သူမှာ အမှတ် (၃)ရက်ကွက် ဇနကလမ်းမှာနေထိုင်တဲ့ တက္ကစီမောင်းသူ အောင်ဝင်းနိုင်ဆိုသူဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်နဲ့ ၁၂ရက်နေ့တွေမှာ ကလေးငယ်နှစ်ဦးကို ကျောင်းကြိုပြီးအပြန်မှာ အဓမ္မပြုကျင့်ခဲ့တာဖြစ်လို့ လက်ရှိမှာ မြဝတီမြို့မရဲစခန်းမှ (ပ)၁၃/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ဖမ်းဆီးကာ ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
#mhtnews
Recent Comments