အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၇၉၁ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ECG စက်ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို မင်းပြားတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်ဟု သိရသည်။