အကြမ်းဖက် NUG လက်ပါးစေအုပ်စုရဲ့ လက်ချက်ကြောင့် သေဆုံးသွားတဲ့ လွိုင်ကော်မြို့နယ်၊ ဈေးပိုင်းရပ်ကွက်နေ အပြစ်မဲ့ပြည်သူ ဦးသိန်းဆွေ (၇၆)နှစ်ရဲ့ ဈာပနအခမ်းအနားနှင့်အတူ အကြမ်းဖက်မှု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကိုပါ တပြိုင်နက်တည်းပြုလုပ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဆိုပါ ဦးသိန်းဆွေဟာ ဇန်နဝါရီ ၁၅ ရက်က ကျင်းပခဲ့တဲ့ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲကို KNPP/PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
သေဆုံးသူရဲ့ ဈာပနအခမ်းအနားကို ယနေ့ (ဇန်နဝါရီ ၁၆ ရက်)မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ၎င်းဈာပနအခမ်းအနားနဲ့အတူ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများမှ “အကြမ်းဖက်လုပ်ရပ် အလိုမရှိ”၊ “အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်မှု အလိုမရှိ”၊ “တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်ဖျက်ဆီးသူများ အလိုမရှိ” ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
#mhtnews
Recent Comments