အကြမ်းဖက် NUG မွေးမြှူထားတဲ့ သူခိုး (၄) ဦးဟာ ဇန်နဝါရီ (၁၇) ရက်၊ နေ့လည်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ အောင်ဇေယျ(၅)လမ်းမှာရှိတဲ့ တိုက်ခန်းတစ်ခန်းရဲ့ သော့တွေကိုဖျက်ပြီး ငွေကျပ် (၂၅) သိန်းခန့်တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူသွားခဲ့တယ်လို့ ရပ်ကွက်နေသူများထံမှ သိရပါတယ်။

 

လက်ရှိမှာတော့ ရဲတပ်ဖွဲ့က ခိုးမှုကျူးလွန်သွားတဲ့ အကြမ်းဖက် NUG လက်ပါးစေ သူခိုး (၄) ယောက်ရဲ့ CCTV မှတ်တမ်းကို စစ်ဆေးနေသလို အမှုဖွင့်ထားတယ်လို့လည်းဆိုပါတယ်။

 

၎င်းသူခိုး (၄) ဦးဆီကို နေအိမ်အတွင်းမှာရှိတဲ့ ငွေကျပ် (၁၇) သိန်းတန်ဖိုးရှိ လပ်တော့ပ်၊ ဖုန်း(အဟောင်း) (၃) လုံးနဲ့ ကျောက်စိမ်းအလုံးသေးအချို့ (စုစုပေါင်း ငွေကျပ် ၂၅ သိန်းခန့်)တန်ဖိုးရှိ ပစ္စည်းတွေ ပါသွားတယ်လို့ သိရပါတယ်။

#mhtnews