ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်များကို ဆက်ကြေးပေးမည့်အစား ၎င်းမိစ္ဆာအကြမ်းဖက်များကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူများကို ထမင်းကျွေးမည်ဟုဆိုကာ အလှူရှင်တစ်ဦးမှ ပြည်ဖျက်မိစ္ဆာဘေးရှောင် ပြည်သူ ၆၀ ကျော်ကို နံနက်စာကျွေးမွေးလှူဒါန်းခဲ့သည်ဟု သိရသည်။

 

အဆိုပါ နံနက်စာလှူဒါန်းမှုကို စစ်ကိုင်းမြို့ရှိ စစ်ကိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး၌ ယနေ့ (ဇန်နဝါရီ ၁၆ ရက်) နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ နံနက်စာလှူဒါန်းပွဲသို့ အကြမ်းဖက်များကို နှိမ်နှင်းပေးနေသော တပ်မတော်သားအချို့ကပါ တက်ရောက်အားပေးခဲ့ကြပြီး ပြည်သူများနှင့်အတူ လက်ရေတပြင်တည်း နံနက်စာသုံးဆောင်ခဲ့ကြသည်ဟု သိရသည်။

#mhtnews