များကို ကြည့်ရှု၍ လေ့ကျင့်ရေးလုပ်ငန်းများနှင့် တာဝန်ထမ်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေအောက်အနှောင့်အယှက်လေ့ကျင့်ခန်း လေ့ကျင့်နေမှု၊ နှစ်ယောက်တွဲ လေဝေရှူခြင်း လေ့ကျင့်နေမှု၊ Closed Circuit အသုံးပြု၍ Underwater Compass ဖြင့် ရေအောက်ကူးခတ်ခြင်း လေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး 10 Men Hyperbaric Medical Treatment Chamber နှင့် Diving Tower တို့အား လှည့်လည်ကြည့်ရှုကြပြီး တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များ၏ Escape Training သရုပ်ပြသလေ့ကျင့်နေမှုအား ကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော်(ရေ)မှ ရေတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် နည်းပြ ၈ ဦး၏ လေ့ကျင့်ရေးစင်မြင့် (Training Tower)တွင် Climbing Wall၊ Fast Rope နှင့် Rappelling Rope ဖြင့် ဆင်းသက်ခြင်း၊ အခက်အခဲအတားအဆီး ယုံကြည်မှုကွင်း ဖြတ်ကျော်ခြင်းတို့အား သရုပ်ပြသ လေ့ကျင့်နေမှုများကို ကြည့်ရှုပြီး ချီးမြှင့်ငွေများပေးအပ်ကာ လေ့ကျင့်ရေးဆိုင်ရာများကို ကောင်းမွန်စွာ သင်ကြားပြသနိုင်ရေးနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Recent Comments