ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ သပြေညွန့်- မုတ္တိမြောင် – ဇင်းတိုင်ကျေးရွာများသို့ ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံတားကို ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားများက ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု သိရသည်။

 

အဆိုပါဖျက်ဆီးမှုကြောင့် အရှည် ၂၇၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၅ ပေရှိ သံကူကွန်ကရစ်တံတားမှာ ပြိုကျပျက်စီးခဲ့ပြီး လူနှင့် မော်တော်ယာဉ်များဖြတ်သန်းသွားလာမရ ဖြစ်ပေါ်လျှက်ရှိသည်။

 

အကြမ်းဖက်သမားများ၏ ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့သည့် တံတားကို ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ပြင်ဆင်ခြင်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#mhtnews