ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်- ပုသိမ်လမ်းမကြီးပေါ်ရှိ စိန်ဂေဟာ Shopping Centre ၌ ယနေ့ (ဇန်နဝါရီ ၂၇ ရက်)ညပိုင်းက Level 3 အဆင့်မီးလောင်မှုဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ကနဦး ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါမီးလောင်မှုသည် ည ၇ နာရီ ၄၃ မိနစ်ခန့်မှစတင်၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ 191 Report application မှ သတင်းပေးပို့လာသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် အုပ်စုများထွက်ခွာ မီးငြိမ်းသတ်ခဲ့ရာ ည ၉ နာရီဝန်းကျင်အခန့်တွင် မီးထိန်းနိုင်ခဲ့သည်ဟုဆိုသည်။

 

လက်ရှိတွင် မီးကိုဆက်လက်ငြိမ်းသတ်နေဆဲဖြစ်ပြီး မီးလောင်ရသည့်အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

#mhtnews