မွန်ပြည်နယ်၊ ရေးမြိုနယ်၊ ဘေးကလွဲရွာအနီးမှာရှိတဲ့ ကြိုးတံတားချောင်းအနီးမှာ ဒီကနေ့ (ဇန်နဝါရီ ၃၀ ရက်) မနက်ပိုင်းက အပြစ်မဲ့ အရပ်သားတစ်ဦးဟာ အကြမ်းဖက်အုပ်စုတွေထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို သိရပါတယ်။
မိုင်းနင်းမိသူအမျိုးသာဟာ အသက် ၅၀ ကျော်အရွယ်ခန့်ရှိပြီဖြစ်ပြီး ကြိုးတံတားချောင်းအနီးမှာ ရေပိုက်ပြင်နေရင်းကနေ မိုင်းကိုနင်းမိခဲ့တာဖြစ်တယ်လို ဆိုပါတယ်။
မိုင်းနင်းမိမှုကြောင့် ၎င်းအမျိုးသားမှာ ခြေကျင်းဝတ်ပြတ်တောက်သွားသလို မိုင်းစထိမှန်ဒဏ်ရာတွေရရှိခဲ့တာကြောင့် လမိုင်းဆေးရုံကနေတစ်ဆင့် မော်လမြိုင်မြိုကုတင် ၃၀၀ ဆေးရုံသို ပြောင်းလဲ ကုသမှုခံယူနေရတယ်လို သိရပါတယ်။
#mhtnews
Recent Comments