ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြိုနယ်၊ မရိုးခုံကျေးရွာအုပ်စု၊ ချီးယူးကျေးရွာ၌ အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း သတင်းအရ ဇန်နဝါရီ ၂၆ ရက်တွင် နယ်မြေလုံခြုံလုံရေး ပူးပေါင်းတပ်ဖွဲမှ Drone အသုံးပြု၍ ထောက်လှမ်းစစ်ဆေးကာ အကြမ်းဖက်အုပ်စု၏ လှုပ်ရှားမှုများကို တွေ့ရှိရသဖြင့် အဆိုပါ Drone ဖြင့်ပင် Drop Bomb ၆ လုံးကျဲချခြင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်၍လည်းကောင်း မြေပြင်စစ်ကြောင်း ၂ ကြောင်းခွဲ၍ ရှင်းလင်းခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်စဥ်အတွင်း အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲမှ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်များ၏ ရိက္ခါဂိုထောင်တစ်လုံးကို မီးရှိဖျက်ဆီးနိုင်ခဲ့သည့်အပြင် အကြမ်းဖက်အလောင်း ၁ လောင်းကို လက်လုပ်ပြောင်းချောသေနတ် ၁ လက်၊ တူမီးသေနတ် ၁ လက်တိုနှင့်အတူ သိမ်းဆည်းရရှိခဲ့သည်။
ဆက်လက်၍လည်း အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးရာနောက်သို လုံခြုံရေးတပ်ဖွဲမှ ဟန်ချက်ညီညီ လိုက်လံရှင်းလင်းလျှက်ရှိကြောင်း သိရသည်။
#mhtnews
Recent Comments