ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြိုနယ်၊ အမှတ် (၇) ရပ်ကွက်မှာ လျှပ်စစ်မီးကြိုးတွေ လိုက်ခိုးနေတဲ့ အကြမ်းဖက် မဲသူခိုး NUG ရဲ့မွေးစားသား သူခိုးတစ်ယောက်ကို ဒီကနေ့ (ဇန်နဝါရီ ၃၀ ရက်) မနက် ၅ နာရီကျော်အချိန့်မှာ ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးလိုက်တယ်လို သိရပါတယ်။

ဖမ်းမိထားတဲ့ အကြမ်းဖက် NUG မွေးစားသား သူခိုးဟာ ရွှေပြည်သာမြိုနယ် ဏ/ ၁၄ ရပ်ကွက်၊ အောင်ချမ်းသာ အောက်ဘက် ပန်းခြံ ၂၀ မှာ နေထိုင်သူ ဖြစ်တယ်လို ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း မြောက်ဒဂုံမြိုနယ်မှာ အကြမ်းဖက် NUG မွေးစားသား မီးကြိုးသူခိုး ၂ ဦးကို ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ပေမယ့် အသက်မပြည့်သေးလိုဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြန်လွှတ်ပေးခဲ့တယ်လို သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
#mhtnews