မလေးရှာနိုင်ငံမှာ ရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ မြန်မာလူပျိုကြီးတွေ ကံထူးနေပြီး ယခုတဖန် မြင်းခြံသား လူပျိုကြီးတစ်ယောက် မလေး ( ၆ ) လုံးထီ ရင်းဂစ် ( ၃ )ကျပ်ဖိုး ပေါက်လို့ မြန်မာငွေ သိန်း ( ၂၀၀၀ )နီးပါးရရှိပြန်ပြီလို့ ကူညီထုတ်ပေးခဲ့တဲ့ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား )က မျှဝေအသိပေးထားပါတယ်။
အဆိုပါ ကံထူးရှင်ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက ထီပေါက်ထားတာဖြစ်ပြီး ထုတ်ယူပေးဖို့ ယခုမှ အကူအညီတောင်းခံလာတာဖြစ်တယ်လို့ သိရပြီး ၎င်းကံထူးရှင်က နှလုံးလှပရဟိတအသင်းအတွက် ရင်းဂစ် ( ၅၀၀၀ )လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ကလည်း မော်လမြိုင်သား လူပျိုကြီးတစ်ဦးမှ လမ်းမှာတွေ့တဲ့ ကားနံပါတ်တစ်ခုကို မလေးထီထိုးလိုက်တာ ၄ လုံးထီပေါက်ပြီး မြန်မာငွေ သိန်း ၁၁၀၀ ကျော် ရရှိခဲ့တယ်လို့ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား )ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
#mhtnews
Recent Comments