စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ ရှေးဟောင်းသမိုင်းဝင် မြသိန်းတန်စေတီတော်မြတ်ကြီးအား မကိုဋ်ရွှေထီးတော်ကြီးနှင့် ဝဇီရကေတုရတနာစိန်ဖူးတော်မြတ်တင်လှူပူဇော်ပွဲအခမ်းအနားကို ၁၃၈၄ ခုနှစ်၊ ပြာသိုလပြည့်ကျော်(၁၄)ရက် ယနေ့ (ဇန်နဝါရီ ၁၉ ရက်) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါအခမ်းအနားသို့ အတိုင်းတိုင်းအပြည်ပြည်တို့၏ ကြည်ညိုလေးစားမှုကို ရရှိတော်မူသော အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ
အဘိဓဇမဟာရဋ္ဌဂုရု၊ စာပေပါရဂူဘွဲ့(D.Litt)(ရန်ကုန်တက္ကသိုလ်) ဒေါက်တာ အရှင်ဉာဏိဿရ သီတဂူဆရာတော်ဘုရားကြီး ကိုယ်တိုင်ကြွရောက်၍ ချီးမြှင့်ခဲ့သည်။
အလားတူ ဘာသာ၊ သာသနာတော်ကို အလွန်တန်ဖိုးထားသော စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများတက်ရောက်၍ အလှူငွေ သိန်း ၃၀၀ ကျပ်ကို လှူဒါန်းခဲ့သည့်အပြင် ဝန်ကြီးချုပ် ဦးမြတ်ကျော် မိသားစုမှ အလှူငွေကျပ် သိန်း ၅၀ ကို သီးသန့်လှူဒါန်းခဲ့သည်ဟု သိရသည်။
#mhtnews
Recent Comments