ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၃) ရပ်ကွက်၊ မြို့မဈေးလမ်းရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးကို KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ဝင်ရောက်မီးရှို့ခဲ့သည်ဟု သိရသည်။

 

ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် မြေစာရင်းရုံးအတွင်းရှိ ၁ ထပ်၊ သွပ်မိုးအုတ်ညှပ်အဆောက်အဦ ၁ လုံး၊ သွပ်မိုး ပျဉ်ထောင် နေအိမ်လိုင်းခန်း ၁ လုံးနှင့် မြေစာရင်းရုံးနှင့်ကပ်လျက်ရှိ မြန်မာ့ဆက်သွယ်ရေးရုံး အတွင်းရှိ MPT ဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ်သက်သော ဆက်စပ်ပစ္စည်းများထားရှိသည့် သွပ်မိုး/အုပ်ညှပ် အဆောက်အဦ အခန်း ၁ ခန်းတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

 

အထက်ပါ ဖြစ်စဉ်မှ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။