ဘီဘီစီသတင်းဌာနဟာ ကိုလိုနီစိတ်ဓါတ်ရှိနေတဲ့ သတင်းဌာနဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ အာရင်ဒါ ဘတ်ချီက ပြောဆိုလိုက်ကြောင်း နိုင်ငံတကာသတင်းဖော်ပြမှုတွေအရ သိရပါတယ်။
“ဘီဘီစီသတင်းဌာနရဲ့ဖော်ပြချက်တွေက အထူးသတိထားရမယ့်ဇာတ်ကြောင်းတစ်ခုကို တွန်းအားပေးဆောင်ရွက်နိုင်အောင်ဝါဒဖြန့်ချိရေးအစိတ်အပိုင်းတွေသာဖြစ်တယ်။ အဲဒီရုပ်သံဖိုင်တွေ သုံးသပ်ကြည့်မယ်ဆိုရင် ဘီဘီစီသတင်းဌာနက ဘက်လိုက်မှုနဲ့၊ ကိုလိုနီစိတ်ဓါတ် ဆက်ရှိနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းတွေ့မြင်နေရတယ်” လို့ ၎င်းက ပြောဆိုခဲ့တာပါ။
အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ ၂ဝဝ၂ ခုနှစ်တုန်းက မွတ်စလင်ရာချီသေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့တာနဲ့ပတ်သက်လို့ ယခုလို တုန့်ပြန်လိုက်တာဖြစ်သလို ၎င်းသတင်းဌာနဟာ အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ပတ်သက်ပြီး မဟုတ်မမှန်ဝါဒဖြန့်ချီမှုများ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားတယ်လို့ သိရပါတယ်။
#mhtnews
Recent Comments