ကုလားတန်မြစ် စီမံကိန်းရဲ့ သယ်ယူပို့ဆောင်ရေး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ စစ်တွေဆိပ်ကမ်းသစ်ကို ဖွင့်ပွဲမလုပ်ရသေးသော်လည်း ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းမှစတင်ကာ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့မှုများ ပြုလုပ်ခြင်းဖြင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဟု CNI သတင်းဖော်ပြမှုအရ သိရသည်။
လက်ရှိတွင် အဆိုပါ စစ်တွေဆိပ်ကမ်းသစ်ကို နိုင်ငံတကာသင်္ဘောများ ဆိုက်ကပ်ခွင့်နှင့် ပြည်ပသို့ ပို့ကုန်တင်ပို့မှုများကိုသာ အသုံးပြုရန် ခွင့်ပြုထားပြီး ပြည်တွင်း သင်္ဘောများနှင့် အခြားသော ကုန်စည်ပို့ဆောင်ရေး သင်္ဘောများ ဆိုက်ကပ်ခွင့်မှုကို ခွင့်ပြုမထားသေးဘူးဟုဆိုသည်။
ကုလားတန်မြစ်ကြောင်း ဘတ်စုံသုံး သယ်ယူပို့ဆောင်ရေး၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် စစ်တွေ ဆိပ်ကမ်းသစ်သည် အိန္ဒိယနိုင်ငံ၊ ကာလက္ကတားဆိပ်ကမ်းနှင့် စစ်တွေဆိပ်ကမ်းတို့ တိုက်ရိုက်ကုန်သွယ်သည့် လမ်းကြောင်းတစ်ခုဖြစ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းနှင့်လည်း ကုန်သွယ်မှု ပြုလုပ်နိုင်ကြောင်း သိရသည်။
#mhtnews
Recent Comments