ဧရာဝတီတံတား (ရတနာပုံ ) ပေါ်ကနေ အသက် ၃၁ နှစ်အရွယ် အမျိူးသားတစ်ဦးဟာ ယနေ့ (ဇန်နဝါရီ ၁၆ ရက်) ညနေပိုင်းမှာ ခုန်ချမှုဖြစ်ပွားခဲ့ပြီး ၎င်းကို ငါးဖမ်းတံငါလှေတစ်စီးမှ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

၎င်းဟာ တံတားရဲ့အလယ်လောက်ကနေ ခုန်ချခဲ့တာဖြစ်ပြီး တံတားပေါ်မှ ခုန်မချမီ ပိုးသတ်ဆေးလည်း သောက်ထားတယ်လို့ သွားရောက်ကယ်ဆယ်မှုဆောင်ရွက်ခဲ့တဲ့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

 

လက်ရှိမှာတော့ ငါးဖမ်းတံငါလှေရဲ့ ကယ်ဆယ်မှုနဲ့အတူ ဆေးရုံမှာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးထားတာကြောင့် အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ပေမယ့် ဘာမှ မေးမြန်းလို့ မရသေးဘူးလို့လည်း သိရပါတယ်။

#mhtnews