နိုင်ငံရေးနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် ဆောင်ရွက်နေမှုအပေါ် တပ်မတော်အနေဖြင့် လက်ခံသဘောတူညီပြီး ဆက်လက်၍လည်း အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယမန်နေ့ (ဇန်နဝါရီ ၂၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍လည်း နိုင်ငံတော်ဝန်ကြီးခိုပ်က ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးသည် နိုင်ငံရေးရည်မှန်းချက်ဖြစ်ကြောင်း၊ အမျိုးသားရေးရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် သောက်သုံးရေနှင့် စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့်လည်း ပြောကြားသည်။
အလားတူ မိမိတို့နိုင်ငံ၏ အဓိက လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်၍ စားရေရိက္ခာဖူလုံအောင်ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ လူသား အရင်းအမြစ်များမွေးထုတ်ရာတွင်လည်း ယခုခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ ခေတ်မီနည်းပညာများကို တတ်ကျွမ်းသည့်ပညာတတ်များကို သက်ဆိုင်ရာတက္ကသိုလ်များမှ သင်ကြားမွေးထုတ်ပေးနိုင်ရန်လိုကြောင်း၊ နိုင်ငံအတွင်း ပညာတတ်လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှအားပေးဆောင်ရွက်လျက်ရှိကြောင်းကိုလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။
#mhtnews
Recent Comments