နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်ထံသို မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Mubarak M A Aladwani က ယနေ့ (ဇန်နဝါ ရီ ၂၄ ရက်)နံနက် ၁၀ နာရီတွင် လာရောက်ဂါရဝပြုတွေ့ဆုံ၍ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်ဟု သိရသည်။
ထိုသိုတွေ့ဆုံစဥ် မြန်မာ-ကူဝိတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးတိုးမြှင့်ရန်၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆိုင်ရာနှင့်ချစ်ကြည်ရေးခရီးစဉ်များအပြန်အလှန်လည်ပတ်ရေး၊ကုန်သွယ်မှုမြှင့်တင်ရေးတိုကို ဆွေးနွေးခဲ့ကြသည်။
ထိုပြင် မြန်မာ-ကူဝိတ် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဆိုင်ရာဖြစ်ပေါ်တိုးတက်နေမှုများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
#mhtnews
Recent Comments