တပ်မတော်၏ မူလတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် စွမ်းရည်သုံးရပ်ဖြစ်သည့် စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့် အုပ်ချုပ်ရေး စွမ်းရည်များပြည့်ဝနေရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

 

ဇန်နဝါရီ ၁၆ ရက်၊ မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ လဟယ်မြို့ရှိ နယ်မြေခံတပ်နှင့် ဟုမ္မလင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုများအား သီးခြားစီတွေ့ဆုံအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့အပြင် စွမ်းရည်များတိုးတက်စေရေးအတွက် အမြဲ လေ့ကျင့်နေရမည်ဖြစ်ပြီး စွမ်းအားများတိုးတက်စေရေးအတွက်လည်း တပ်မတော်ကို အဆင့်မြင့်တင်ခြင်းများ အမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဦးချင်းစွမ်းရည်များတိုးတက်စေရန်အတွက် ဝတ်စားဆင်ယင်မှု၊ နေထိုင်မှု၊ သွားလာမှုများကို စနစ်တကျဖြင့် ဆောင်ရွက်မည်ဆိုပါက စွမ်းရည်ရှိသည့် တပ်ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး စနစ်တကျဖြင့် နေထိုင် ဆောင်ရွက်ပြီး စွမ်းရည်ရှိသည့်တပ်တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီးက ထည့်သွင်းပြောကြားသည်။

 

အလားတူ ဒေသခံတပ်များဖြစ်သည့်အတွက် ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် အတူတကွ ပူးပေါင်း၍ စည်းလုံးညီညွတ်စွာဖြင့် ဒေသ၏ ကောင်းရာကောင်းကျိုးများကိုလည်း စွမ်းဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်ရေးအတွက်လည်း အထက်အောက်ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံနှင့် စစ်သည်များ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို ပြည့်ဝစွာ ရရှိ စေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

#mhtnews