ဒီမိုကရေစီ လိုချင်ပါတယ်ဆိုတဲ့ အကြမ်းဖက် NUG လက်ပါးစေ စာမတတ်ပေမတတ်အုပ်စုက ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာတဲ့ လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိတဲ့ ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)- တီကျစ်နှစ်ထပ်ဓာတ်အားလိုင်းရဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ တာဝါတိုင်(၁)တိုင်ကို ဇန်နဝါရီ ၂၂ ရက်နေ့မှာ ထပ်မံဖောက်ခွဲဖျက်ဆီးခဲ့တဲ့အတွက် ယင်းတာဝါတိုင် ပြိုလဲပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဓာတ်အားလိုင်းမှာ ယခုအကြိမ်အပါအဝင် စုစုပေါင်း (၈) ကြိမ်နဲ့ တာဝါတိုင်ပေါင်း (၂၃) တိုင် ဖျက်ဆီးခံခဲ့ရသော်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံးပြင်ဆင်နိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
အခုဆိုရင် အဲဒီလို ဖောက်ခွဲဖျက်ဆီးခဲ့တဲ့အကြိမ်ပေါင်း (၂၁၈)ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ကလည်း လုံခြုံရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြင်ဆင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Recent Comments