ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစခန်း (IDC) ၌ ထိန်းသိမ်းထားသော မြန်မာနိုင်ငံသားများသည် ဇန်နဝါရီ ၂၈ ရက်က ၎င်းစခန်းအတွင်း၌ ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါဆန္ဒပြမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးတင်အောင်မှ ဇန်နဝါရီ ၂၉ ရက်တွင် IDC မှ တာဝန်ရှိသူများ၊ ထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သားခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံ၍ ညှိနှိုင်းဖြေရှင်းခဲ့သည်ဟုဆိုသည်။
ထိုသို့ ညှိနိုင်းရာ၌ ထိန်းသိမ်းထားသူ ၆၀၀ ဦးအနက် ၂၂၀ ဦးကို ဖေဖော်ဝါရီ ၂ ရက်နေ့တွင်လည်းကောင်း၊ ကျန်ရှိသူများအားလုံးကို ဖေဖော်ဝါရီ ၈ ရက်နှင့် ၁၅ ရက်နေ့တို့တွင်လည်းကောင်း မြန်မာနိုင်ငံသို့ ပို့ဆောင်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ထိန်းသိမ်းခံထားရသည့် အလုပ်သမား ခေါင်းဆောင်များမှလည်း ဆန္ဒပြစာတမ်းများ ဖြုတ်သိမ်း၍ အေးချမ်းစွာ စောင့်ဆိုင်းမည်ဖြစ်ကြောင်း သဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။
#mhtnews
Recent Comments