တောင်ကိုရီးယားနိုင်ငံသို EPS စနစ်ဖြင့် စေလွှတ်ခဲ့သော မြန်မာလုပ်သား ၁၄၅ ဦးတိုသည် ယနေ့ (ဇန်နဝါရီလ ၃၁ ရက်)တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို ရောက်ရှိခဲ့ကြောင်း ဆိုလ်းမြိုရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါလုပ်သားများထဲတွင် ကုန်ထုတ်လုပ်သားသစ် ၂၉ ဦး၊ CBT ကုန်ထုတ်လုပ်သား ၅ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၂၀ ဦး၊ စိုက်ပျိုး၊မွေးမြူရေး လုပ်သားသစ် ၆၁ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၃၀ ဦးပါဝင်သည်ဟုဆိုသည်။

လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ မြန်မာလုပ်သား ၅၀,၀၀၀ နီးပါး အလုပ်လုပ်ကိုင်နေသည့်အပြင် ကုန်ထုတ်လုပ်ငန်းအတွက် ဒုတိယအသုတ်စာမေးပွဲကိုလည်း လာမည့် ဖေဖော်ဝါရီ ၆ ရက်မှ ၁၀ ရက်အထိ ၅ ရက်ကြာကျင်းပသွားမည်ဖြစ်ကာ အဆိုပါစားမေးပွဲတွင် လူဦးရေ ၁၅၀၀၀ နီးပါး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
#mhtnews