တောင်ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်ခဲ့သော မြန်မာလုပ်သား ၁၃၆ ဦးတို့သည် ယနေ့ (ဇန်နဝါရီ ၁၇ ရက်)တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
တောင်ကိုရီးယားအစိုးရအနေဖြင့် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံလျှက်ရှိရာ သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့အပြင် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် EPS စာမေးပွဲဖြေဆိုသူ တစ်သောင်းကျော်တွင် ၆၀၀၀ ကျော်အောင်မြင်ထားကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးထုတ်ပြန်ထားသည်။
#mhtnews
Recent Comments