ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့သည့် ယမန်နေ့တွင် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၂၃၁ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စတင်ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

 

 

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၅၅ ဦး၊ ခွဲစိတ်ရောဂါ ၁၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၄ ဦး၊ ကလေးရောဂါ ၁၇ ဦး၊ အရိုးရောဂါ ၃၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၃ ဦး၊ မျက်စိရောဂါ ၅၀ ဦးနှင့် သွားရောဂါ ၂၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

 

 

 

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၃ ဦးတို့ကိုလည်း ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

#mhtnews