အကြမ်းဖက် NUG လက်ပါးစေများ၏ မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်း အစရှိသော အကြမ်းဖက်မှုလုပ်ရပ်များကြောင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ ယနေ့ထိ ၁ နှစ်ကျော်ကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦ ၁၃ ခုအပါအဝင် ရုံးသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရမှုတန်ဖိုး သန်းပေါင်း ၃၆၇ ဒဿမ ၅၈၃ ရှိခဲ့ကြောင်း နစကမှထုတ်ပြန်သော စာရင်းများအရ သိရသည်။
အဆိုပါ ပျက်စီးဆုံးရှုံးမှုများအနက် ဖရူဆိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်ခံရမှုဖြစ်စဥ်ကြောင့် ဆုံးရှုံးရမှုတန်ဖိုး ၇၁ ဒဿမ ၅၈ သန်းဖြင့် အများဆုံးဖြစ်ကာ ကြာအင်းဆိပ်ကြီးမြို့နယ်က ဆုံးရှုံးမှုတန်ဖိုး ၀ ဒဿမ ၀၂၁ သန်းဖြင့် အနည်းဆုံးကြောင်းလည်း သိရသည်။
#mhtnews
Recent Comments