yangon Book ပလာဇာနဲ့ WE Book Store သုဝဏ္ဏဆိုင်တိုမှာ အခမဲ့စာထိုင်ဖတ်နိုင်တဲ့ နေရာတွေကို စီစဥ်ထားရှိခဲ့ရာ ယခုအခါမှာ စာအုပ်ပျောက်ဆုံးမှုတွေ များပြားလာတဲ့အတွက် ယင်းအစီအစဥ်ကို စိတ်မကောင်းခြင်းများစွာနဲ့ ရပ်နားလိုက်ပြီဖြစ်ကြောင်း Yangon Book ပလာဇာက ထုတ်ပြန်ခဲ့ပါတယ်။

ယခင်က စာအုပ်ပျောက်ဆုံးမှုဟာ အနည်းငယ်သာရှိခဲ့ပေမယ့် ယခုနောက်ပိုင်းမှာ အဆမတန်များပြားလာတာဖြစ်ပြီး အမှန်တကယ်စာဖတ်သူတွေနဲ့ ရောယောင်ကာ စာအုပ်များကို ခိုးယူခြင်းဖြစ်ကြောင်း Yangon Book ပလာဇာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ အခမဲ့စာထိုင်ဖတ်နိုင်တဲ့နေရာတွေကို ဖွင့်လှစ်လာခဲ့တာဟာ နှစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပြီး ပြန်လည်စတင်တဲ့အခါ ထပ်မံကြေညာပေးမယ်လို Yangon Book ပလာဇာရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
#mhtnews