စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အလယ်ကျွန်းကျေးရွာက စာသင်ကျောင်းနဲ့ နေအိမ်တွေကို PDF အမည်ခံ အကြမ်းဖက်သမားတွေက မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

အဆိုပါဖြစ်စဥ်ဟာ ယနေ့ (ဇန်နဝါရီ ၂၃ ရက်)နံနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးစွဲလောင်နေတဲ့ အ.ထ.က(ခွဲ)စာသင်ကျောင်နဲ့ နေအိမ်တွေကို တပ်မတော်သား လုံခြုံရေးတပ်ဖွဲ့များက ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

 

ယခုလို PDF အမည်ခံ အကြမ်းဖက်သမားတွေရဲ့ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် စာသင်ကျောင်းနှင့်နေအိမ် ၁၁ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

#mhဟtnews