ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ဗဟိုဈေးကြီးမှာ ယခု ဇန်နဝါရီလ အစပိုင်းကစတင်ပြီး အကြမ်းဖက် NUG မွေးစားသား ခါးပိုက်နှိုက်များ သောင်းကျန်းနေတာ အခုဆိုရင် ပိုပြီးတော့ ဆိုးရွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယမန်နေ့ (ဇန်နဝါရီ ၂၇ ရက်) မနက် ၁၀ နာရီ ဝန်းကျင်မှာ ရွာဖက်က ဈေးလာဝယ်တဲ့ အမျိုးသမီး တစ်ဦးရဲ့ လွယ်အိတ်ကို ဗဟိုဈေးကြီး၊ ဝက်သားတန်းအနီးမှာ အကြမ်းဖက် NUG မွေးစားသားများက ခါးပိုက်နှိုက်လိုက်လို့ တစ်သိန်းကျော် ပါသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်၊ နေ့လယ်ပိုင်းကလည်း အမျိုးသမီးတစ်ဦး ကျောက်မဲ ဗဟိုဈေးမှာ ရှမ်းလွယ်အိတ်နဲ့ ဈေးဝယ်နေစဉ် အကြမ်းဖက် NUG မွေးစားသား ခါးပိုက်နှိုက်က သူရဲ့ လွယ်အိတ်ကိုခွဲပြီး အိတ်ထဲပါလာတဲ့ ပိုက်ဆံ ၂ သိန်းကျော်နဲ့ မှတ်ပုံတင်ကို နှိုက်ယူသွားတယ်လို့ ပြောပါတယ်။
အဆိုပါ အကြမ်းဖက် NUG မွေးစားသား ခါးပိုက်နှိုက်တွေဟာ ကျောက်မဲမြို့နယ် ကျေးလက်တောရွာတွေက လာရောက်ဈေးဝယ်၊ ဈေးရောင်းကြတဲ့ တောသူတောင်သားတွေကို ပစ်မှတ်ထားနေတဲ့ အိတ်တွေကို သေချာဂရုစိုက်ကြဖို့နဲ့ ပိုက်ဆံတွေကို သေချာသိမ်းဆည်းပြီး ထုတ်ပိုးကြဖို့ ဒေသခံတွေက သတိပေးထားတယ်လို့၊
#mhtnews
Recent Comments