စစ်ကိုင်းမြို့၊ ပြူကံရပ်ကွက်၊ မုံရွာ- မန္တလေး ကားလမ်း၊ တမခ (၃၃) ရှေ့မှာ ယမန်နေ့ (ဇန်နဝါရီ ၃၀ ရက်) ည ၁၀ နာရီအချိန့်ခန့်က စစ်ဆေးရေးဂိတ်ကိုဆိုင်ကယ်နဲ့ဖြတ်မောင်းပြီး နိုင်ငံတော်အကြီးအကဲတွေကို မိုက်ရိုင်းစွာဆဲဆိုထွက်ပြေးတဲ့ အကြမ်းဖက်အားပေး ခွေး ၂ ကောင်ကို တပ်မတော်သား ရဲဘော်တစ်ဦးက ကျည်တစ်တောင့်တည်းနဲ့ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

လူနှစ်ဦးလိုက်ပါပြီး မန္တလေးမြို့ဘက်ကနေ မုံရွာမြို့ဘက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီးဟာ တမခ (၃၃) ရဲ့ စစ်ဆေးရေးဂိတ် ၂ ခုကိုဖြတ်သန်းမောင်းနှင်စဥ် နိုင်ငံတော်အကြီးအကဲတွေကို မကြားဝံ့မနာသာ ဆဲဆိုမောင်းနှင်ထွက်ပြေးသွားတာကြောင့် ၃ ခုမြောက်ဂိတ်မှာ လုံခြုံရေးတာဝန်ကျနေတဲ့ တပ်သားတစ်ဦးက MA- 1 သေနတ်နဲ့ (၁) ချက် ခြောက်လှန့်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုသို့ ခြောက်လှန့်ပစ်ခတ်ခဲ့ရာမှာ ဆိုင်ကယ်နောက်ကလိုက်ပြီး မိုးမွှန်အောင်ဆဲနေသူရဲ့ နောက်ကျောကို ကျည်ဖောက်ဝင်ကာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ အသက်ပျောက်သွားသလို ဆိုင်ကယ်မောင်းရင်း မနားတမ်းဆဲနေသူကိုပါ နောက်ကလူကိုမှန်ပြီး ဖောက်ထွက်လာတဲ့ကျည်က ထိမှန်ခဲ့တာကြောင့် ဒဏ်ရာ (မစိုးရိမ်ရ)နဲ့ ဖမ်းမိခဲ့ပါတယ်။

စစ်ဆေးချက်တွေအရ အသက်ပျောက်သွားသူဟာ စစ်ကိုင်းမြို့၊ စတီးရပ်ကွက်မှာနေထိုင်တဲ့ မိုးထက်အောင်ဆိုသူဖြစ်ကြောင်း သိရပြီး ကျည်ထိမှန်ဒဏ်ရာရရှိသူကတော့ စစ်ကိုင်းမြို့၊ အောင်သာယာရပ်ကွက်မှာနေထိုင်တဲ့ ထွန်းမြင့်ဦးဆိုသူဖြစ်ကြောင်းနဲ့ လက်ရှိမှာ ၎င်းတို့ကို အရေးယူနိုင်ရေး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

#mhtnews