တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၃၄ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်အတွင်း၌ ဇန်နဝါရီ ၂၉ ရက်ည ၆ နာရီ ၅၀ မိနစ်ခန့်တွင် ရေဝင်နစ်မြုပ်နေသည့် “ရွှေနဒီ-၁၁၇” ကမ်းနီးငါးကဲ့လှေ ၁ စီးကို တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ကယ်ဆယ်နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါ “ရွှေနဒီ-၁၁၇” ကမ်းနီးငါးကဲ့လှေပေါတွင် လှေလုပ်သား ၉ ဦးပါရှိကာ ၎င်းလှေသား ၉ ဦးစလုံးကို အသက်အန္တရာယ်မှ လွတ်မြောက်အောင် တပ်မတော်ရေယာဉ်ပေါ်သို့ ကယ်ဆယ်တင်ဆောင်၍ လိုအပ်သည့်ကူညီမှုများနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် တပ်မတော် ​(ရေ) မှ တပ်ဖွဲ့ဝင်များက အဝတ်အထည်နှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ လှေလုပ်သားများကို သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

#mhtnews