Myanmar Hard Talk
MHT NewsJanuary 20, 2023
ကုမ္ပဏီများ၌ ဥပဒေနှင့်မညီညွတ်သည့် အမည်ခံဒါရိုက်တာခန့်အပ်ခြင်းနှင့် အမည်ခံရှယ်ယာရှင်ထားရှိခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အမိန့်ထုတ်ပြန်ထားသည်။
ဒါရိုက်တာများ၏ ရရန်ပိုင်ခွင့်နှင့် တာဝန်ရှိမှုများနှင့်စပ်လျဉ်း၍ ဒါရိုက်တာရာထူး ခန့်အပ်ထားခြင်း မရှိစေကာမူ ကုမ္ပဏီ ကိစ္စများကို ညွှန်ကြားသူ၊ ထိန်းချုပ်သူများကို ဒါရိုက်တာအဖြစ် သတ်မှတ်ကြောင်း ပြဌာန်းထားပြီးဖြစ်သည့်အတွက် ဥပဒေနှင့် မညီညွတ်သော အမည်ခံ ဒါရိုက်တာများ ခန့်အပ်ခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ဇန်နဝါရီ (၁၇)ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။
ထို့အပြင် ကုမ္ပဏီများအနေဖြင့် မိမိတို့၏ ကုမ္ပဏီတွင် ပါဝင်သူများအား အမည်ခံ ရှယ်ယာရှင်အနေဖြင့်ထားရှိခြင်းကိုလည်း လုံးဝခွင့်ပြုတော့မည် မဟုတ်ကြောင်းရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဇန်နဝါရီ (၁၇) ရက်တွင် စတင်အသက်ဝင်သည့် အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်အရာရှိထံ တင်ပြထားသည့် ကုမ္ပဏီတွင် ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းတွင် ပါဝင်သူများကိုသာ အမှန်တကယ်အကျိုးခံစားခွင့်ရှိသူအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် အသိပေးထားသည်။
Recent Comments