ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ ရခိုင်ပြည်နယ်ဆိုင်ရာ အိန္ဒိယကောင် စစ်ဝန်ချုပ်ရုံးမှ အိန္ဒိယကောင်စစ်ဝန် Mr .Jay Krishna အား လက်ခံတွေ့ဆုံခဲ့သည်ဟု သိရသည်။

ထိုသို့တွေ့ဆုံစဥ် အိန္ဒိယ- မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအစီအစဉ်ဖြင့် ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေးစီမံကိန်း စစ်တွေဆိပ်ခံတံတား တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးနေမှုအခြေအနေနှင့် ဆိပ်ခံတံတား ဖွင့်လှစ် လည်ပတ်နိုင်ရေးဆောင်ရွက်နေမှုအခြေအနေများ ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း အိန္ဒိယနိုင်ငံအကူအညီဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စစ်တွေ- ကျောက်တော်- ပလက်ဝ ကုလားတန်မြစ်ကြောင်း တူးဖော်ရေးဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

အလားတူ ပလက်ဝမှ ဇူရန်ပူလမ်းကြောင်း ဖောက်လုပ်ပြီးစီးနိုင်ရေး စီစဉ်နေမှုနှင့် ရခိုင်ပြည်နယ်အတွင်း အိန္ဒိယနိုင်ငံအစိုးရ၏အကူအညီဖြင့် ဒေသတွင်း မီးလင်းရေးနှင့်ရေရရှိရေး စသောဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် အစီစဉ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

#mhtnews