စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြိုနယ်၊ အုတ်နှဲပင်ကျေးရွာ၌ နိုဝင်ဘာ ၁၀ ရက်၊ ညနေ ၆ နာရီဝန်းကျင်အချိန်ခန့်တွင် ကိုယ့်အားကိုယ်ကိုး မီးလင်းရေးကော်မတီ၊ မီတာကောက်လုပ်ကိုင်သူတစ်ဦးကို အကြမ်းဖက်အင်အား ၁၀ ဦးခန့်မှ နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အခုချိန်မှာ PDF တွေက ဘုရားရံပုံငွေပါမကျန် ကျေးရွာရံပုံငွေအားလုံးကို သူတိုဆီအပ်ဖို ခြိမ်းခြောက်တောင်းယူနေကြတာဗျ။ တချိုရွာတွေကလည်း ကြောက်တော့ အပ်လိုက်ကြရတာရှိတယ်။ အခု သူကတော့ မအပ်ဘူး။ အဲဒါကြောင့်လည်း အခုလို လုပ်ကြံတာထင်ပါတယ်။” ဟု ဒေသခံတစ်ဦးကဆိုသည်။

ဒဏ်ရာရရှိသွားသူမှာ ဦးတင်စိုး (၄၉)နှစ် ဆိုသူဖြစ်ပြီး သေနတ်ဖြင့် ၅ ချက်အပစ်ခံရကာ ပြင်းဒဏ်ဒဏ်ရာရရှိခဲ့သဖြင့် စစ်ကိုင်းဆေးရုံမှတစ်ဆင့် မန္တလေးဆေးရုံကြီးသို ပိုဆောင်ပေးထားရကြောင်း သိရသည်။
#mhtnews