ကချင်ပြည်နယ်၊ မိုးမောက်ဒေသက KIA တပ်ရင်း (၁၅) အခြေစိုက်တဲ့ လုံဂျာတောင်စခန်းကို တပ်မတော်က ယမန်နေ့မှာ ဝင်ရောက်သိမ်းပိုက်ခဲ့တယ်လို သိရပြီး အဲဒီတိုက်ပွဲအတွင်းမှာ သေကျန်ရစ်ခဲ့တဲ့ KIA သူပုန် ၂၈ ဦးရဲ့ ရုပ်အလောင်းတွေကို တပ်မတော်က ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်လို မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

ရက်သတ္တပတ် တစ်ပတ်နီးပါး တိုက်ခိုက်ခဲ့ရတဲ့ အဆိုပါတိုက်ပွဲမှာ တပ်မတော်အနေနဲ့ မြေပြင်၊ ဝေဟင် ပစ်ကူတွေနဲ့အတူ သူပုန်စခန်းကုန်းကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပေမယ့် သတင်းအမှားတွေကို ၉၀ ရာခိုင်နှုန်း ဖော်ပြနေတဲ့ ဝရမ်းပြေးအုပ်စုတွေရဲ့ ခေတ်သစ်အမည်ရှိ မီဒီယာကတော့ တပ်မတော်သား ၈၁ ဦး ကျဆုံးခဲ့တယ်ဆိုပြီး လိမ်ညာဖော်ပြနေတယ်လိုလည်း သိရပါတယ်။
#mhtnews