မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြိုနယ်၌ ယမန်နေ့ (အောက်တိုဘာ ၇ ရက်)နံနက်ပိုင်းတွင် မူလတန်းပြကျောင်းဆရာ (၂)ဦးကို အကြမ်းဖက် NUG လက်ပါးစေအုပ်စုမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲသတင်းအရင်းမြစ်ထံမှ သိရသည်။

သေဆုံးသူများမှာ မြင်းခြံမြိုနယ်၊ ကိုင်းရွာအခြခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာ ဦးသန်းထွဋ်စိုးနှင့် ဦးဝင်းဗိုလ်တိုဖြစ်ကြပြီး ၎င်းတို၏နေအိမ်များ၌ရှိနေစဥ် အကြမ်းဖက်အင်အား (၁ဝ)ဦးခန့်က ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှ စက်လှေဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုသို စစ်ရေးပစ်မှတ်မဟုတ်သည့် ပညာရေးဝန်ထမ်းများကို ယုတ်မာစွာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အကြမ်းဖက် NUG လက်ပါးစေများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#mhtnews