ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြိုနယ်၊ ကျောင်းတော်ကလေးကျေးရွာ၊ သာသနရက္ခိတ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ကညင်ဖြူပင်ကြီးမှာ သက်တမ်းနှစ် (၂၀၀)ခန့်ရှိပြီဖြစ်ကြောင်း သစ်တောသုတေသနဌာနမှ အတည်ပြုထားသည်ဟု သိရသည်။

အဆိုပါ ကညင်ဖြူပင်ကြီးမှာ ရင်စိုလုံးပတ် (၁၇)ပေ၊ ခန့်မှန်းအမြင့်ပေ (၁၅၀)ခန့်ရှိပြီး ဧရာဝတီတိုင်းအတွင်း ထူးထူးခြားခြား ပေါက်ရောက်နေခြင်းဖြစ်ကာ ယခုအချိန်ထိ သာသနရက္ခိတဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်နှင့် ဒေသခံ ရွာသူရွာသားများ၊ သစ်တောဦးစီးဌာနတိုမှ ထိန်းသိမ်းထားကြောင်းလည်း သိရသည်။
#mhtnews