စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြိုနယ်၊ ညောင်ပင်ဝန်းကျေးရွာ၊ ရွာလည်ရပ်နေ ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ကြသည့် ဦးထင်တိုင်း (၄၈)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်သီတာဦး (၄၈)နှစ်တို နှစ်ဦးသည် ယနေ့ (အောက်တိုဘာ ၂၄ ရက်) မနက် ၈ နာရီအချိန်ခန့်တွင် ညောင်ပင်ဝန်းဈေးသို ဈေးဝယ်ရန် ဆိုင်ကယ်ဖြင့်ထွက်လာစဥ် PDF အမည်ခံ အကြမ်းသမား ၅ ဦးမှ သေနတ်ဖြင့်ပစ်ခတ်သည့်အပြင် ဓားဖြင့်ပါ ဝိုင်းခုတ်ခဲ့သဖြင့် နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။

အကြမ်းဖက်သမားများသည် လူကိုသတ်ဖြတ်သွားရုံသာမက အဆိုပါလင်မယားနှစ်ဦး စီးလာသည့် ဆိုင်ကယ်ကိုပါ ယူဆောင်သွားကြောင်းနှင့် လက်ရှိတွင် တာဝန်ရှိသူများအနေဖြင့် အခင်းဖြစ်နေရာသို လုံခြုံရေးအခြေအနေအရ သွားရောက်နိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။
#mhtnews