“ကျနော်တို ရည်မှန်းချက်ထဲမှာ ယူကရိန်းတစ်နိုင်ငံလုံးကို ဖျက်ဆီးဖို မဟုတ်ဘူး” လို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အောက်တိုဘာ ၁၄ မှာ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တယ်လို တာ့စ်သတင်းဌာနရဲ့ ရေးသားဖော်ပြမှုအရ သိရပါတယ်။

သတင်းထောက်တစ်ဦးက “ယူကရိန်းဟာ နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမှာလား” ဆိုတဲ့မေးခွန်းကို ပူတင်က “ကျနော်တို ရည်မှန်းချက်ထဲမှာ ယူကရိန်းတနိုင်ငံလုံးကို ဖျက်ဆီးဖို မဟုတ်ပါဘူး။ သူတိုဟာ လူဦးရေ ၂ ဒသမ ၄ သန်းလောက် နေတဲ့ ခရိုင်းမီးယားဒေသကို တစ်ချိန်က သောက်သုံးရေဖြတ်တောက်ခဲ့တာ ရှိပါတယ်။ ကျနော်တိုတပ်တွေက ခရိုင်းမီးယားထဲ ဝင်ပြီးတော့ ရေပေးဝေရေး ပြန်လုပ်ရပါတယ်။ ဒါမျိုးကို ယူကရိန်းမလုပ်ခဲ့ရင် ကျနော်တိုဘက်ကလည်း အခုလို လက်တုံပြန်တာမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး” ဆိုပြီ ပြန်လည် ဖြေကြားခဲ့တာလို ဆိုပါတယ်။
#mhtnews