မီချီဂန်မှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ဘင်နင်တန်မြိုနယ်ထဲမှာနေထိုင်တဲ့ မာ့ခ်လက်တန်စကီး ဆိုတဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အသက် ၂၅ နှစ်အရွယ် ကေဗင်ဘေကွန်ဆိုတဲ့ ဆံပင်ညှပ်ဆရာ အမျိုးသားတစ်ဦးကို သူနေထိုင်ရာအိမ်ကိုခေါ်ယူပြီးနောက် သတ်ဖြတ်ကာ ငယ်ပါကို ဖြတ်စားခဲ့တဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို သိရပါတယ်။

လူသားစားသူဟာ ဆံသဆရာ ဘေကွန်ကို ဂေးတွေ၊နှစ်ဖက်ချွန်တွေနဲ့ လိင်ပြောင်းထားသူတွေကို ချိန်းတွေ့တဲ့ Grindr အက်ပလီကေးရှင်းကတစ်ဆင့်‌ တွေ့ဆုံခဲ့တာဖြစ်ပြီး ဘေကွန်ရဲ့နောက်ကျောကို ဓားနဲ့ထိုးကာ ငယ်ပါအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းတချိုကို စားသောက်ခဲ့တယ်လို ဆိုပါတယ်။

အဆိုပါအမှုနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက တရားခံကို ရှာဖွေနေခဲ့ရာက ယခုရက်ပိုင်းအတွင်းမှာမှ သူ့ကားကို ဒေါ်လာ ဂျင်နရယ်စတိုးရဲ့ ကားရပ်ကွင်းမှာ တွေ့ရှိခဲ့ပြီးနောက် ၎င်းကိုဖမ်းဆီးပြီး အမှုကိုဖော်ထုတ်လိုက်နိုင်ခြင်းဖြစ်ကာ လက်ရှိမှာတော့ အောက်တိုဘာ ၁၈ရက်မှာ အမှုကို စတင်ကြားနာမှာဖြစ်တယ်လို သိရပါတယ်။
#mhtnews