ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် အာဏာလွှမ်းမိုးပြီး မလျော်သြဇာသုံးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦး၀င်းမြင့်နဲ့ ဦးမင်းသူတိုသုံးဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့စွဲဆိုထားတဲ့အမှုကို ဒီကနေ့ (သြဂုတ် ၁၂ ရက်) က နေပြည်တော်အကျဥ်းထောင်တွင်းတရားရုံးမှာ စစ်ဆေးခဲ့တယ်လို အမှုနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့သတင်းတွေအရ သိရပါတယ်။

အဲဒီရုံးချိန်းကို တရားခံ သုံးဦးလုံးတက်ရောက်ခဲ့ပြီး ဦးမင်းသူဘက်က တင်ပြတဲ့ သက်သေတစ်ဦးကို စစ်ဖိုရှိခဲ့ပေမယ့် ၎င်းသက်သေမလာရောက် မလာရောက်တာကြောင့် မစစ်ဖြစ်ဘဲ လာမယ့် သြဂုတ် ၂၆ ရက်မှာ အမှုအတွက်နှစ်ဖက်အပြီးသတ်လျှောက်လဲချက်ကို ပေးဖိုရှိနေတယ်လိုဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်လို ဒေါ်အောင်ဆန်းစုကြည်က သူ့မှာ အပြစ်မရှိကြောင်း အတွင်တွင် ငြင်းဆိုနေပေမယ့် ခိုင်လုံတဲ့ သက်သေအထောက်အထား တစ်စုံတစ်ရာ ပြနိုင်တာမရှိဘူးလို တရားရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။
#mhtnews