နေ၊ ဂြိုဟ်တုနှင့် TVRO(စလောင်း)တို တစ်တန်းတည်း ကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်ပြီး ယင်းသိုဖြစ်ပေါ်ချိန်၌ ဂြိုဟ်တုမှ ပေးပိုထုတ်လွှင့်နေသော အရုပ်/အသံအချက်အလက်များ ခေတ္တယာယီပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

သိုဖြစ်သဖြင့် အဆိုပါ Sun Outage ဖြစ်ပေါ်ချိန်တွင် Thaicom-6 ဂြိုဟ်တုကို အသုံးပြု၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော TV Channel များနှင့် ရေဒီယိုအစီအစဉ်များသည် လာမည့် စက်တင်ဘာ ၂၆ ရက်နေ့မှ အောက်တိုဘာ ၇ ရက်နေ့အထိ နေ့စဉ် ၁ မိနစ်မှ ၁၈ မိနစ်ခန့်အထိ Signal ပြတ်တောက်မှုဖြစ်ပေါ်နိုင်ကြောင်း MOI မှ ထုတ်ပြန်ထားသည်။

Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး နှစ်စဉ် မတ်လတွင်(၁)ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတိုတွင် (၁)ကြိမ် ကြုံတွေ့ရလေ့ရှိကြောင်း၊ ၎င်းဖြစ်စဉ်သည် ထုတ်လွှင့်သည့် ဂြိုဟ်တု၊ ဖမ်းယူသည့် TVRO(စလောင်း) အရွယ်အစားနှင့် တည်နေရာတိုအပေါ်မူတည်၍ Sun Outage ဖြစ်သောအချိန်နှင့် Signal ပြတ်တောက်မှု ကြာချိန်တို ကွာခြားမှုရှိကြောင်း သိရသည်။
#mhtnews