ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲမှ ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဖမ်းဆီးပြီး ရခိုင်လက်နက်ကိုင်အဖွဲ (AA) ထံ အပ်နှံခဲ့သူများကို ALP အဖွဲက လိုက်လံ ဖမ်းဆီးနေပြီး လက်ရှိမှာ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း ALP အဖွဲ၏ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးက ပြောကြားသည်ဟု EMG သတင်းက ဖော်ပြသည်။

လက်ရှိဖမ်းဆီးထားသူမှာ စစ်တွေမြို၊ နာဇီကျေးရွာတွင်နေထိုင်သူဖြစ်ပြီး သတင်းအချက်အလက် အခိုင်အမာတည်ဆောက်၍ မျက်မြင်သက်သေများ၏ ပြောကြားချက်များကိုစုဆောင်းပြီးမှ သြဂုတ် ၈ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုသို ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဖမ်းဆီးပေးသည့်အထဲတွင် မပါဝင်သူများအနေဖြင့် စိုးရိမ်စရာမလိုကြောင်း၊ ၎င်းဖြစ်စဥ်အတွင်း ပါဝင်ပတ်သက်သူများကိုသာ Information တိတိကျကျယူပြီးမှ ဖမ်းဆီးသွားမှာဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီးခိုင်ကျော်စိုးက ပြောကြားထားသည်ဟု သိရသည်။
#mhtnews