၂၀၂၁ ဒီဇင်ဘာလကနေ ၂၀၂၂ မေလအထိ ၆ လအတွင်းမှာ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၂ ကို ရာသက်ပန် လိုင်စင်ပိတ်သိမ်းခဲ့တဲ့အပြင် အာမခံကြေး ကျပ်သိန်း (၂၀၀) မပေးသွင်းတဲ့ အေဂျင်စီ ၂၆ ခုကိုလည်း လိုင်စင်ရုပ်သိမ်းထားတယ်လို အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
ရာသက်ပန် လိုင်စင်ပိတ်သိမ်းလိုက်တဲ့ ကုမ္ပဏီ ၂ ခုတိုဟာ အရေးယူခံထားရတာကြောင့် ပိတ်သိမ်းတာဖြစ်ပြီး ၂၀၁၄ ကနေ ယခုအထိ ရာသက်ပန် ပိတ်သိမ်းခဲ့တဲ့ဘအေဂျင်စီ (၂၂)ခုရှိပြီလို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာနဲ့ ဒီဇင်ဘာလတိုမှာ ကုမ္ပဏီ ၂ ခုကို လိုင်စင်(၁)နှစ်စီ ယာယီရုတ်သိမ်းထားပြီး ယခုနှစ် ဇူလိုင်လမှာ ကုမ္ပဏီ ၁ ခုကို လိုင်စင် (၆)လ ယာယီရုပ်သိမ်းထားတယ်လိုလည်း ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့်ရထားတဲ့ အေဂျင်စီ ၃၃၉ ရှိပြီး ထိုင်းနိုင်ငံကို အလုပ်သမားစေလွှတ်နေတဲ့အေဂျင်စီ ၁၄၂ခု ရှိတယ်လို သိရပါတယ်။
#mhtnews
Recent Comments