ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၅၅) နှစ်မြောက် အာဆီယံနေ့ (ASEAN Day) အထိမ်းအမှတ်အခမ်းအနားသို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် တက်ရောက်ခဲ့သည်ဟု သိရသည်။
ဆီယံနေ့ (ASEAN Day) အထိမ်းအမှတ်အခမ်းအနားကို ဂျပန်နိုင်ငံအခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများဖြင့် ဖွဲစည်းထားသည့် အာဆီယံ-တိုကျိုကော်မတီ (ASEAN Committee in Tokyo- ACT) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဗီယက်နမ်သံအမတ်ကြီး Mr. Vu Hong Nam မှကြီးမှူး သြဂုတ် ၁၆ ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် အာဆီယံ-တိုကျိုကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဗီယက်နမ် သံအမတ်ကြီး Mr. Vu Hong Nam နှင့် ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၏ သံအမတ်ကြီး Mr. Tuy Ry တိုမှ အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်ဟုသိရသည်။
#mhtnews
Recent Comments