အင်ဒိုနီးရှားနိုင်ငံ၊ ဆိုလိုမြို၌ ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၆ ရက်အထိကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည့် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲသည် ရွှေတံဆိပ်ဆု (၁၄) ခုနှင့် အခြားဆုတံဆိပ်များကိုဆွတ်ခူးကာ ယနေ့နံနက်ပိုင်းတွင် အမိမြေသို ပြန်လည်ရောက်ရှိခဲ့သည်ဟု သိရသည်။

မြန်မာမသန်စွမ်းအားကစားအဖွဲသည် ယင်းကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစား၊ ရေကူးအားကစား၊ ဘောလုံးအားကစား၊ အလေးမအားကစားနှင့် မြားပစ်အားကစားနည်းတိုမှ ရွှေတံဆိပ်(၁၄)ခု၊ ငွေတံဆိပ်(၁၂)ခု၊ ကြေးတံဆိပ်(၁၇)ခု၊ စုစုပေါင်း ဆုတံဆိပ်(၄၃)ခု နိုင်ငံအလိုက်အဆင့်(၆) ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

အောင်ပွဲရ အားကစားအဖွဲကို အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမျိုးလှိင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ၀င်ဝန်ကြီးများ၊ အားကစားနယ်ပယ်အသီးသီးမှ တာ၀န်ရှိသူများ၊ ပြည်သူများက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်ဟု သိရသည်။
#mhtnews