ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြိုနယ်၊ ဘုရားကြီးကုန်းကျေးရွာ သစ္စာပါရမီမေတ္တာဝါရီ ဘုန်းတော်ကြီးကျောင်း၌ ယနေ့ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)တွင် ကရင်သက္ကရာဇ် (၂၇၆၁)ခုနှစ် ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲမင်္ဂလာလိပ်ပြာခေါ်ပွဲအခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါ ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲမင်္ဂလာလိပ်ပြာခေါ်ပွဲအခမ်းအနား၌ အသက်(၈၀)နှစ်အထက် အဘိုးအဘွား (၆၀) ဦးတိုကိုလည်း ပူဇော်ကန်တော့ခဲ့ကြသည်ဟုဆိုသည်။
ချည်ဖြူဖွဲခြင်းဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် လူချင်းကွဲသွားရာမှပြန်လည်ဆုံဆည်းသည်အခါ အချင်းချင်း ပြန်လည်မှတ်မိနိုင်ရန်လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့်ရစ်ပတ်ချည်နှောင် အမှတ်အသားပြုထားရာမှ လက်ချည်ခြင်းအလေ့အထ စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews
Recent Comments