အိန္ဒိယနိုင်ငံ၊ မိုရေးမြိုမှာ သြဂုတ် ၂၀ ရက်နေ့က မဇ္ဈိမသတင်းထောက်ဟောင်းတစ်ဦးဖြစ်တဲ့ TPDF အကြမ်းဖက်ခေါင်ဆောင် ဘိုဘိုအောင် ဆိုသူကို လက်နက်ခဲယမ်းတွေနဲ့အတူ ဒေသအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို အိန္ဒိယသတင်းဖော်ပြမှုအရ သိရပါတယ်။
ဖမ်းဆီးရမိသူ မဇ္ဈိမသတင်းထောက်ဟောင်းဟာ ချင်းပြည််၊ တမူးမြို၊ ၅ ရပ်ကွက် ဇာတိဖြစ်ပြီး လက်ရှိ အိန္ဒိယနိုင်ငံ၊ မိုရေးမြိုမှာ အခြေပြုနေထိုင်ကာ ချင်းပြည် နယ်အတွင်း အကြမ်းဖက်မှုများကို ဦးဆောင်ပြုလုပ်နေသူတစ်ဦးဖြစ်တယ်လို ဆိုပါတယ်။
၎င်းအကြမ်းဖက်ခေါင်းဆောင် သတင်းထောက်ဟောင်းဆီကနေ ပစ္စတိုသေနတ် ၂ လက် ၊ ကျည်အိမ် ၄ ခု အပါအဝင် ခဲယမ်းတွေကို သိမ်းဆည်းရခဲ့တာဖြစ်ပြီး မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းတွေကို ၂၀၂၁ ကစတင်ကာ နှစ်နိုင်ငံနယ်စပ်မှာ အရှိန်မြင့် လုပ်ဆောင်လာခဲ့တာဖြစ်တယ်လို သိရပါတယ်။
#mhtnews
Recent Comments