အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတဲ့ အောင်ပွဲရ မသန်စွမ်းအားကစားသမားတွေကို နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က ဂုဏ်ပြုဆုများ ထပ်ဆင့်ချီးမြှင့်ခဲ့တယ်လို သိရပါတယ်။

အဆိုပါဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံမှာ ဒီကနေ့ (သြဂုတ် ၂၀ ရက်)က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲမှာ မြန်မာမသန်စွမ်းအားကစားအဖွဲအနေနဲ့ ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခုတိုကို ထိုက်တန်စွာဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံအလိုက်ဆုတံဆိပ်ရရှိမှု အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့တယ်လို သိရပါတယ်။
#mhtnews