ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ မြို့ပတ်လမ်းနဲ့ ဟံသာဝတီလမ်းသွယ်၊ အမှတ် ၈/၂၂၃ နေအိမ်လိုင်းခန်းရှေ့ ရေမြောင်းထဲကနေ သေဆုံးနေတဲ့ ဆယ်ကျော်သက်အရွယ် ယောကျ်ားလေးတစ်ဦးရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့လို့ စစ်ဆေးခဲ့ရာက “မ” ကိစ္စနဲ့ facebook ပေါ်မှာရန်ဖြစ်ကြပြီး အပြင်မှာ လူသတ်မှုဖြစ်ခဲ့ကြတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ ဆယ်ကျော်သက်အရွယ် မောင်ကျော်ဇင်ဝင်း ဆိုသူဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို သြဂုတ် ဩဂုတ်လ ၁၀ ရက်နေ့ ည‌နေ ၃ နာရီခွဲ အချိန်ခန့်မှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

အဆိုပါအမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးခဲ့ရာမှာ သေဆုံးသူအသုံးပြုတဲ့ “မမတွေရဲ့ မောင်လေး” Facebook အကောင့်နဲ့ “Zaw Min” အမည်ရှိ Facebook အကောင့်တို့ဟာ မက်ဆင်ဂျာကနေ မိန်းကလေးငယ်တစ်ဦးကို အကြောင်းပြုပြီး ခိုက်ရန်ဖြစ်ပွားထားတဲ့စာတွေကို တွေ့ရှိရာကနေ တရားခံလို့ ယူဆရတဲ့ ဆယ်ကျော်သက်အရွယ် သူဇော်မင်းထွေး(ခ)ဖိုးသား ဇော်မျိုးနိုင်(ခ) နေထူးနိုင်၊ သိန်းဌေးအောင်(ခ)ဟိန်းကိုကိုအောင်နဲ့ မျိုးမင်းသန့်တို့ ၄ ဦးအားဖမ်းဆီရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ၎င်းကလေးသူငယ်များကို တရားဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး ဥပဒေ အကြောင်းအရ ဆက်လက်လုပ်ဆောင် စစ်ဆေးလျက်ရှိတယ်လို့လည်း သိရှိရပါတယ်။

ဓာတ်ပုံ – ဦးလှမိုး နာရေးကူညီမှုအသင်း

#mhtnew